တွေ့ချင်သော blogger ၁၀ ယောက် (Tag post)



ကျွန်တော် တွေ့ချင်သော blogger ၁၀ ယောက် ကတော့

သူတို့တွေကတော့ ကျွန်တော် နဲ့ တစ်နိုင်ငံတည်းမှာ အတူတူ အလုပ်လုပ်၊ ကျောင်းတတ်ပြီး ဒုက္ခတွေ ကို စုပေါင်းခံစားနေကြတဲ့ ကျွန်တော် ရဲ့ ညီအစ်ကို မောင်နှမတွေပါ။... တချို့ က ကျွန်တော် နဲ့ နီးရက်နဲ့ ဝေးနေရတဲ့ ကျွန်တော် အတွေ့ချင်ဆုံး ထဲက လူ ၁၀ ယောက်ထဲက စာရင်းဝင်တွေပါ...
  • ၆။ငွန်းငယ်မိုး သူကတော့ ကျွန်တော် ကို ညီအစ်ကို လိုခင်တယ်.. စာအရေးအသားတွေလဲ ကောင်းတယ်... စိတ်ရှည်တယ်... ဇွဲမလျှော့တတ်ဘူး ထင်တယ်..
  • ၇။Co2zenith သူကတော့ ကျွန်တော် ကို အစ်ကို ဆရာလို့ အမြဲခေါ်တယ်.. ကျွန်တော် က ဆရာ မဟုတ်ပါဘူး... အခုမှ Blogger တွေ အတွက် HTML code တွေကို လေ့လာ သင်ယူနေဆဲပါပဲ... ကျွန်တော်က သူ့ကို ညီညီ ဆရာလို့ ပြန်ခေါ်တယ်လေ... သူနဲ့ ခင်မင်ရတာ ပျော်စရာပါ... သူက မဟုတ်မခံ စိတ်ရှိပုံရတယ်... ပြီးတော့ စိတ်ဆတ်တယ် ထင်တယ်..
  • ၈။ဖြိုးဝေတိုး သူ့ကိုတော့ ကျွန်တော် သေချာ မသိဘူး... သူ့ကို ကျွန်တော် စိတ်မှန်းနဲ့ သိတယ်... သူလဲ နည်းပညာတွေ ကို တော်တော်လေး သိပုံရတယ်... ဘလော့ဂ်တွေမှာ သူ့လက်ရာတွေ များလို့ သူ့ကို ကျွန်တော် မြင်ဘူးချင်တယ်... တွေ့ချင်တယ်.. သူက ကျွန်တော် နေတဲ့ နေရာလေးနဲ့ လှမ်းနေတော့ တော်ရုံတော့ တွေ့နိုင်မယ် မထင်ဘူး.. အသက်ငယ်ပေမဲ့ ကဗျာတွေ ရေးတာကောင်းတယ်.. လေးစားမိပါတယ်..
  • ၉။ညလေး သူကတော့ အချက်အပြုတ် ကိုတော်တော်လေး ၀ါသနာပါပုံရတယ်.. သူ့ဘလော့ဂ်မှာ သွားကြည့်လိုက်ရင် အချက်အပြုတ်နည်းတွေ များတယ်... ကဗျာတွေ စာတွေ ဆောင်းပါးတွေ ရေးတာလဲ ကောင်းတယ်... Gtalk မှာ chat ပြောကြရင်လဲ သူ့ဘက်က ခိခိ ဆိုပြီး အရင် စရိုက်တာများတယ်... သူ အဲဒီလို ရိုက်မှ ပဲ ကျွန်တော် ကတော့ ဒီဘက်မှာ ပြုံးနေမိတယ်... သူက ပျော်ပျော်နေတတ်ပုံရတယ်.. အဲဒါကြောင့် မြင်ဘူးတွေ့ဘူးချင်တယ်..
  • ၁၀။သဇင်ဏီ သူကတော့ ရယ်စရာ ဟာသတွေ ပေါက်ကရ၆၀ တွေ ရေးတယ်... တစ်ခါတစ်ခါ စိတ်ညစ်စရာတွေ ကြုံနေရတဲ့ အချိန်တွေမှာ သူ့ဘလော့ဂ်ဆီကို ရောက်ဖြစ်တယ်.. သူရေးထားတဲ့ စာတွေကို ဖတ်ပြီး ရယ်စရာတွေနဲ့ ဘ၀ အမောတွေကို ပြေစေတယ်.... သူက ခင်မင်တတ်တယ်... လူတွေကို သနားတတ်ပုံရတယ်.. ဒါကြောင့် သူ့ကို တွေ့ဘူးချင်တယ်...
ကျန်တဲ့ ဘလော့ဂ္ဂါတွေရော မတွေ့ချင်ဘူးလားဆိုတော့ အရမ်းတွေ့ချင်ပါတယ်...။ ကျွန်တော်တို့ မလေးမြေမှာ ရေးနေကြတဲ့ ဘလော့ဂ္ဂါတွေ အကုန်လုံးကိုပေါ့...

ကျွန်တော်တို့တွေ တစ်ချိန်ချိန်မှာ အားလုံးစုံပြီး တွေ့ကြဖို့ မလွယ်သလို... တွေ့ဖြစ်အောင် တွေ့ကြရအောင်လားဗျာ... ကျွန်တော်တို့ ဘလော့ဂ္ဂါတွေ စုပြီး ဆုံပြီး ပျော်ပျော်ပါးပါးကြီး စကားတွေ တ၀ကြီး ပြောကြရအောင်လားဗျာ... ဟိုတစ်လောက သင်္ကြန်မှာ ကိုလတ်ကြီး ရေးထားသလို အဲဒီလိုများဆုံဖြစ်ခဲ့ကြမယ် ဆိုရင် ကျွန်တော်တို့တွေ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်မလဲနော်...

အားလုံးပျော်ရွှင်နိုင်ပါစေဗျာ....

 

/* EOT ----------------------------------------- */